Sarazanmai


ဇာတ်လမ်းအကျဉ်း

Thrillist Websiteရဲ့ The Best Anime of 2019မှာ No.2 Rankရရှိခဲ့တဲ့ Animeကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ထွတ်မြတ်တဲ့ ခပ်ပတိုင်းပြည်ကြီးဟာ အော့တာအင်ပါယာအောက်ကို ကျရောက်သွားချိန်မှာတော့ ခပ်ပအိမ်ရှေ့စံမင်းသား ခဲပိဟာ အင်အားများစွာဆုံရှုံးသွားခဲ့ပြီး ခပဖုတ်ကောင်တွေကြောင့် အကူအညီမဲ့နေခဲ့ပါတယ်။ သူတို့ဟာ အော့တာအင်ပါယာရဲ့ဖန်တီးမှုနဲ့ လူသားတွေရဲ့ နက်ရှိုင်းတဲ့စိတ်ဆန္ဒတွေပေါ်မှာ အခြေခံထားတဲ့သတ္တဝါတွေဖြစ်ကြပြီး ကမ္ဘာမြေကို ဒုက္ခပေးဖို့ကြိုးစားလာတဲ့အခါ....အိမ်ရှေ့စံ ခဲပိဟာ ရွေးချယ်စရာမရှိဘဲ နေရာတကာကတ်ထူပုံးလေးသယ်သယ်သွားတတ်တဲ့ ခဇုခိ ယဆခ၊ သူ့ငယ်သူငယ်ချင်း အန်းတ ဂျင်းနိုင်း၊ သူတို့ရဲ့အတန်းဖော် ကောင်ဆိုးလေး တိုးအိ ခုဂျိဆိုတဲ့ကောင်လေးသုံးယောက်အပေါ်မှီခိုရပါတော့တယ်။ ရှိရိခိုးဒမဆိုတဲ့ လူခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုကို ဖယ်ထုတ်ခံရတဲ့အခါမှာ သူတို့ဟာလည်း ခပ်ပပြည်သားတွေလိုပုံစံဖြစ်သွားပြီးလူသားတွေမမြင်နိုင်တဲ့ ခပဖုတ်ကောင်တွေကို တိုက်ခိုက်လာနိုင်ကြပါတယ်။ ဒါပေမယ့် ဖုတ်ကောင်တွေကို အနိုင်ယူနိုင်ဖို့က သူတို့သုံးယောက်ရဲ့ ကိုယ်စိတ်ဝိဉာဉ်‌တွေကို အတူတူစုစည်းပြီး လျှို့ဝှက်ချက်တွေပါ မကျန် ချိတ်ဆက်ထားမှပဲ ရပါလိမ့်မယ်။ ခပ်ပတိုင်းပြည်ကြီးရဲ့ အနာဂတ်ဟာ သူတို့သုံးယောက်ပေါ်မှာ မူတည်နေတဲ့အခါမှာတော့ သူတို့တွေ....သူတို့တွေတကယ်ချိတ်ဆက်နိုင်မှာလား...လူ့လောကရဲ့ ကွဲပျက်လွယ်တဲ့ relationshipတွေချိတ်ဆက်မှုတွေ တန်ဖိုးထားစရာ အရာတွေအကြောင်းကို သူတို့ဘယ်လိုသင်ယူ‌သဘောပေါက်ပြီး အတူတူတိုက်ခိုက်နိုင်ကြပါ့မလား...ဆိုတာကိုတော့ စောင့်ကြည့်ကြပေါ့ဗျာ

Action Fantasy Supernatural- Genreသုံးခုလုံးက လူကြိုက်များတဲ့ Genreတွေချည်းပေါင်းထားတာမို့ တကယ်ကြည့်ကောင်းတဲ့Animeလေးပါဗျ

Download Links












====== The End ======

Comments

Popular posts from this blog

About Us

Hangyakusei Million Arthur Seaon 1 + Season 2

Hanamaru Kindergarten