Hangyakusei Million Arthur Seaon 1 + Season 2
ဇာတ်လမ်းအကျဉ်း မှော်ဇာတ်လမ်းတွေကို စိတ်ဝင်စားသူတွေအနေနဲ့ မှော်ဆရာကြီး မာလင်ကို မသိသူရှိမယ်မထင်ပါဘူး။ ရှေးအင်္ဂလန်ဒဏ္ဍာရီမှာ ကမ်မလော့ တိုင်းပြည်အကြောင်းပြောရရင် မှော်ဆရာကြီး မာလင်နဲ့ ဘုရင်ကြီး အာသာအကြောင်းကိုတော့ ချန်ထားလို့မရပါဘူး။ မင်းသားလေး အာသာဟာ ကျောက်တုံးထဲက ဘယ်သူမှဆွဲမထုတ်နိုင်ခဲ့တဲ့ မှော်ဓါးကို ထုတ်ယူနိုင်ခဲ့ပြီး ကမ်မလော့ရဲ့ ဘုရင်ဖြစ်လာခဲ့ပါတယ်။ ဒီ Animeဟာလည်း ဒီအကြောင်းအရာအပေါ်မှာ အခြေခံထားပြီး ဒီ Excaliburဓါးတွေကို ပိုင်ဆိုင်ထားနိုင်တဲ့သူတွေကို အာသာလို့ ခေါ်ဝေါ်ကြပြီး သူတို့မှာ သူမတူတဲ့ စွမ်းအားတွေကိုလည်း ပိုင်ဆိုင်ထားကြပါတယ်။ တနေ့မှာ ရှုပ်ထွေးလှတဲ့ ပျက်စီးမှုတွေဖြစ်ပေါ်လာခဲ့ပြီး ဒါဟာ အတိတ်က Excaliburဓါးတွေရဲ့ မှားယွင်းရွေးချယ်မှုကြောင့်ဖြစ်လာတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာ မျက်မှောက်ခေတ်ရဲ့ အာသာခြောက်ဦးဟာ အတိတ်ကို ပြန်သွားပြီး ဒီ Excalibur ဓါးပေါင်းတစ်သန်းကို သွားရောက်ဖျက်ဆီးရမှာပဲဖြစ်ပါတယ်။ သူတို့အနေနဲ့ တစ်သန်းလုံးကို ဖျက်ဆီးနိုင်မှသာ လက်ရှိခေတ်ကို ပြန်သွားနိုင်မှာပါ။ ဘယ်လိုအလွဲတွေနဲ့ ကြုံရမလဲကတော့ ဆက်ကြည့်ကြပါဦး။ Season 2ခု ထွက်ရှိထားပြီး S 1မှာ 10ပိုင်း S 2မှာ 13ပိုင်း နဲ့ OVA...